ခြုံငုံသုံးသပ်ချက်

မြန်မာနိုင်ငံစျေးကွက်အတွက် Sunseap Myanmar သည်နေရောင်ခြည်စွမ်းအင် ၀ယ်ယူရေးသဘောတူညီချက်များ (PPA)၊ Engineering ၀န်ဆောင်မှုများ၊ ၀ယ်ယူရေးနှင့်ဆောက်လုပ်ရေးဝန်ဆောင်မှုများ (EPC) နှင့် Operation and Maintenance (O&M) ၀န်ဆောင်မှုများဖြည့်ဆည်းပေးသွားမည်ဖြစ်သည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များမှတစ်ဆင့်လျှပ်စစ်ဓာတ်အား ၈ ရာခိုင်နှုန်းကိုထုတ်လုပ်နိုင်ရမည့်အမျိုးသားရေးရည်မှန်းချက်နှင့်အတူ Sunseap Myanmar ကုမ္ပဏီ သည် ကုမ္ပဏီ၏အကောင်းဆုံးနည်းလမ်းသစ်များဖြင့် မြန်မာနိုင်ငံ၏ ဈေးကွက်ကိုထိုးဖောက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏အားသာသည့် ပထဝီအနေအထားအရ နေ့စဥ်ပျမ်းမျှအားဖြင့် နေနာရီ ၅နာရီခန့် ရရှိမှုသည် တိုင်းပြည်ကိုဒေသတွင်းနေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှု နှင့် ဖြန့်ဖြူးရေးအတွက်အကောင်းဆုံးနေရာဖြစ်စေသည်။



ကျွန်ုပ်တို့၏ဝန်ဆောင်မှုများ

စွမ်းအင်ဝယ်ယူရေးသဘောတူညီချက် (PPA)
စွမ်းအင်ဝယ်ယူရေးသဘောတူညီချက်များသည် ကာလရှည်လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူညီချက်များဖြစ်သည်။ သင်၏စက်ရုံအတွင်းရှိနေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံအားဒီဇိုင်းဆွဲပေးခြင်း၊ တည်ဆောက်ပေးခြင်း၊ ရန်ပုံငွေမတည်ပေးခြင်း စသည်ဖြင့်အစစ အရာရာကူညီပေးသွားမည်ဖြစ်သည်

Engineering နယ်ပယ်တွင်
ခိုင်မာသောမှတ်တမ်းရှိခြင်းများနှင့်အတူ Sunseap ကုမ္ပဏီ သည်နေရောင်ခြည်စွမ်းအင်သုံး PV ပိုင်ဆိုင်မှုများကိုလုံခြုံစွာနှင့်မြန်ဆန်စွာပြီးစီးအောင်တည်ဆောက်ပေးမည်ဖြစ်သည်။ ကျွန်ုပ်တို့၏နေရောင်ခြည်စွမ်းအင်သုံးစနစ်များကိုအကောင်းဆုံးအဆင့်တွင်လည်ပတ်မှုရှိနေစေရန် အချိန်နှင့်တစ်ပြေးညီစောင့်ကြပ်ကြည့်ရှုခြင်းများပြုလုပ်ပေးမည်ဖြစ်သည်။